
စစ်ဘေးသင့်ပြည်သူများအတွက် ရန်ပုံငွေဂီတဖျော်ဖြေပွဲ
အမိမြန်မာပြည်က စစ်ဘေးသင့်ပြည်သူများရဲ့ ဒုက္ခတွေ အနည်းငယ်ပဲဖြစ်ဖြစ် သက်သာပြေပျောက်စေဖို့၊ ခွန်အားတွေဖြစ်စေဖို့ ကျနော်တို့ပြည်ပရောက် ညီအစ်ကို မောင်နှမတွေ တတ်နိုင်သမျှ ကြိုးစားနေကြပါတယ်။
အခုဒီတခေါက်တော့ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုတွေ တပွေ့တပိုက်ကြီးရရှိထားတဲ့ အဆိုတော် အယ်လွန်းဝါ နဲ့ ခင်ဘုဏ်း တို့လန်ဒန်မြို့တော်ကို လာရောက်ဖျော်ဖြေပေးကြမှာဖြစ်ပါတယ်။လက်မှတ်ရောင်းရငွေထဲက ကုန်ကျစားရိတ်နှုတ်ပြီး ကျန်ငွေအားလုံးကို ပြည်တွင်းက စစ်ဘေး သင့်ပြည်သူတွေအတွက် ပေးပို့လှူဒါန်းသွားမှာဖြစ်ပါတယ်။
ယူကေက အမြဲတက်ကြွတဲ့ fundraiser များကလည်း မြန်မာစားသောက်ဖွယ်ရာစုံလင်စွာ လာရောက်ရောင်းချ ပေးကြမှာမို့ အားလုံးလာရောက်အားပေးကြဖို့ ဖိတ်ခေါ်ပါတယ်။


Main Stage Layout
အတန်း A မှ P အထိ ထိုင်ခုံအမျိုးအစား လေးမျိုးရှိပါသည်။
အတန်းတစ်တန်းလျှင် ထိုင်ခုံ ၂၄ လုံးပါဝင်ပြီး ၁၂ နှင့် ၁၃ ကြားတွင် လမ်းကြားခြားထားပါသည်။
Save Your Space
